အသုံးပြုခွင့်ကီး အလုပ်မလုပ်လျှင် မည်သို့လုပ်ရမလဲ။
မှားယွင်းကြောင်းမက်ဆေ့ဂျ် ရပါက- “သင့်အသုံးပြုခွင့်ကီး မှန်ကန်ပုံ မရပါ။ ၎င်းထပ်ဖြစ်ပါက သင့်ဝန်ဆောင်မှုမန်နေဂျာထံ ဆက်သွယ်ပါ။” ပြဿနာ ရှာဖွေဖြေရှင်းရန် အောက်ပါအဆင့်များကို လုပ်ဆောင်ပါ-
- ကလစ်ဘုတ်သို့ အလိုအလျောက် ကူးမထားသည့် ပထမအက္ခရာ ငါးလုံးဖြစ်သော “ss://” အပါအဝင် အသုံးပြုခွင့်ကီး အပြည့်အစုံကို ထည့်ထားကြောင်း သေချာပါစေ။ အသုံးပြုခွင့်ကီး အပြည့်အစုံနမူနာပုံစံကို ဖော်ပြထားသည် (နမူနာသာဖြစ်သည်၊ အလုပ်မလုပ်ပါ)-
ss://[email protected]:39485/?outline=1
- သင့်အသုံးပြုခွင့်ကီးကို ကလစ်ဘုတ်သို့ လုံးဝကူးမရခြင်းသည် သင့်မက်ဆေ့ဂျ်ပို့ရန်အက်ပ် (သို့) စနစ်ကြောင့်ဖြစ်နိုင်သည်။ အဆက်အသွယ် စာရင်းတွင် မပါသူထံမှ မက်ဆေ့ဂျ်ရပါက ဤသို့ဖြစ်နိုင်ခြေများပါသည်။ ကုဒ်ကို မက်ဆေ့ဂျ်မှ ကူးယူမည်ဆိုပါက ပေးပို့သူကို သင့်အဆက်အသွယ်သို့ ထည့်ပြီးကြောင်း သေချာမှသာ လင့်ခ်ကိုဖွင့်ပါ။
- အဆင့် ၁ နှင့် ၂ ကို လုပ်ပြီးသည့်တိုင် မှားယွင်းကြောင်းမက်ဆေ့ဂျ် ဝင်နေသေးပါက ဆာဗာပိတ်ထားခြင်း (သို့) အသုံးပြုခွင့်ကီး မမှန်တော့ခြင်းကြောင့် ဖြစ်နိုင်သည်။ သင်သည် ဝန်ဆောင်မှုမန်နေဂျာဖြစ်ပါက ကီးအသစ်ထုတ်ပါ။ သို့မဟုတ်ပါက ဝန်ဆောင်မှုမန်နေဂျာထံ ဆက်သွယ်ပြီး ကီးအသစ်တောင်းပါ။