Skip to main content

Outline ဝန်ဆောင်မှုနှင့် ဘာကြောင့်ချိတ်ဆက်မရတာလဲ။

Outline ဝန်ဆောင်မှုနှင့် ချိတ်ဆက်၍မရနိုင်သည့် အကြောင်းရင်းသိပ်မရှိပါ-

အင်တာနက်ချိတ်ဆက်မှု ပြဿနာများ-

စမ်းသပ်ရန် နည်းလမ်း-

Outline ပိတ်ပြီး အင်တာနက်ချိတ်ဆက်မှု ပြန်ရခြင်း ရှိ၊ မရှိ ကြည့်ပါ။

  • ပြန်ရပါက ပြဿနာရှာဖွေဖြေရှင်းသော နောက်ထပ်နည်းလမ်းများကို အောက်တွင် ကြည့်ပါ။
  • ပြန်မရပါက သင်၏ ချိတ်ဆက်မှုဆက်တင်များ အပ်ဒိတ်လုပ်ခြင်း ရှိ၊ မရှိ သိနိုင်ရန် ခေတ္တစောင့်ပါ။

ပြင်ဆင်ရန် အချက်များ-

သင့်စက် အွန်လိုင်းပြန်ချိတ်စေရန်-

  1. အခြားစက်သည် ကွန်ရက်တစ်ခုတည်းသို့ ချိတ်ဆက်နိုင်ခြင်း ရှိ၊ မရှိ သိနိုင်ရန် စစ်ဆေးပါ။ အခြားစက်များ အွန်လိုင်းမချိတ်နိုင်ပါက ကွန်ရက် လိုင်းကျနေနိုင်ပြီး ၎င်း ပြန်ရရန် (သို့) ပြဿနာရှာဖွေဖြေရှင်းရန် စောင့်ရပါမည်။
  2. အခြားစက်များသည် တူညီသောကွန်ရက်တွင် ချိတ်နိုင်ပါက အွန်လိုင်းပြန်ချိတ်စေရန် အောက်ပါတို့ထဲမှ တစ်ခုနှင့်အထက်ကို စမ်းကြည့်နိုင်သည်-
    1. စက်ကို လေယာဉ်ပျံမုဒ်တွင် ထားပါ (မိုဘိုင်း)
    2. စက်ကို ပြန်စပါ
    3. စက်ကို အပြီးပိတ်ပါ။ ၂ မိနစ်စောင့်ပြီး စက်ပြန်ဖွင့်ပါ

ကွန်ရက် firewall ပြဿနာများ-

စမ်းသပ်ရန် နည်းလမ်း-

  1. သင်၏ လက်ရှိ Wi-Fi (သို့) ကြိုးသွယ်ထားသော ကွန်ရက်မှ ချိတ်ဆက်မှုဖြုတ်ပါ။
  2. ဆယ်လူလာကွန်ရက်ကဲ့သို့ အခြားကွန်ရက်နှင့် ချိတ်ဆက်ပါ
  3. Outline ဆာဗာနှင့် ပြန်လည်ချိတ်ဆက်ကြည့်ပါ

အခြားကွန်ရက် သုံးနေစဉ် ချိတ်ဆက်နိုင်ပါက ၎င်းသည် သင့်ဘက်တွင်ရှိသည့် ပြဿနာဖြစ်သည်။

ပြင်ဆင်ရန် အချက်များ-

ဝန်ဆောင်မှုမန်နေဂျာထံ ဆက်သွယ်ပြီး သင့် Outline ဆာဗာကို သုံးခွင့်ပြုရန် (သို့) ၎င်းအစား အခြားကွန်ရက်ကို ဆက်သုံးခွင့်ပြုရန် တောင်းဆိုပါ။

Firewall (သို့) ဗိုင်းရပ်အကာအကွယ် ဆော့ဖ်ဝဲပြဿနာများ-

စမ်းသပ်ရန် နည်းလမ်း-

Outline သို့ အခြားစက်မှနေ၍ ချိတ်ဆက်ကြည့်ပါ။

အခြားစက်တွင် Outline သုံးရန်အတွက် သုံးခွင့်ကီးနှင့် Outline အက်ပ် လိုအပ်ကြောင်း မမေ့ပါနှင့်။

ပြင်ဆင်ရန် အချက်များ-

သင်၏ firewall (သို့) ဗိုင်းရပ်အကာအကွယ် ဆော့ဖ်ဝဲဆက်တင်များကို စစ်ဆေးပြီး ၎င်းတို့သည် VPN နှင့် Outline ဒေတာစီးဆင်းမှုကို ခွင့်ပြုကြောင်း သတ်မှတ်ထားပါစေ။

စက်ဆက်တင်များ-

စစ်ကြည့်ရန် အချက်များ-

Android အတွက်-

  1. ဆက်တင်များ အက်ပ်ကို ဖွင့်ပါ။
  2. သင့်စက်တွင် VPN ဆက်တင်များ ကို ရှာပါ။ (VPN ဆက်တင်များသည် သင့်ဖုန်းတွင် လက်ရှိသုံးနိုင်သည့် VPN အက်ပ်အားလုံးကို ပြပေးပါမည်။)
  3. VPN ဆက်တင်များတွင် Outline ကို မတွေ့ပါက Outline ကို ဖယ်ရှားပြီး ပြန်ထည့်သွင်းပါ။ ထည့်သွင်းဖူးသည့် စက်ကသာလျှင် Outline ကို အလိုအလျောက်သုံးခွင့်ပေးပါမည်။

သင့် Android စက်တွင် Outline ခွင့်ပြုချက်များ ဝင်းဒိုးကို နောက်ခံသို့ ပို့ဆောင်ပေးခြင်းဖြင့် ရှေ့တွင် ၎င်းဝင်းဒိုးပေါ်မလာအောင် လုပ်ဆောင်ပေးသည့် ဖန်သားပြင်တွင် ထပ်ဆင့်ပြသခြင်း အပလီကေးရှင်းမရှိကြောင်း သေချာပါစေ။

သင့် Android စက်တွင် ဆက်တင်များ > အက်ပ်များ > အထူးအက်ပ်သုံးခွင့် သို့သွားပါ။ ထို့နောက် ‘အခြားအက်ပ်များပေါ်တွင် ပြမည်’ ကိုတို့ပါ။ သင်သည် ဤလုပ်ဆောင်ချက်ကို ခွင့်ပြုသော အက်ပ်များသုံးခွင့်ကို ဖယ်ရှားနိုင်သည်။

iOS အတွက်- ဤပံ့ပိုးမှု ဆောင်းပါး ကို ဖတ်ပါ။

ဆာဗာပြဿနာများ-

စမ်းသပ်ရန် နည်းလမ်း-

သင့်တွင် ဆာဗာတစ်ခုထက်ပို၍ သုံးခွင့်ရှိပါက အခြားတစ်ခုသို့ ချိတ်ဆက်ကြည့်ပါ။

ပြင်ဆင်ရန် အချက်များ-

ဆာဗာကို ဖျက်ဆီးထားခြင်း ရှိ၊ မရှိ သိနိုင်ရန် သင်၏ ဝန်ဆောင်မှုမန်နေဂျာထံ ဆက်သွယ်ပါ။ ရှိပါက အခြားဆာဗာသို့သုံးခွင့်ကီး ကို ၎င်းတို့ထံမှ တောင်းကြည့်ပါ။

ဆာဗာကို စနစ်ထည့်သွင်းပါက ‘Outline မန်နေဂျာ’ (သို့)SSH ကဲ့သို့ အခြားနည်းလမ်းဖြင့် ၎င်းကို ချိတ်ဆက်ကြည့်ပါ။ ၎င်းအလုပ်မလုပ်ပါက ဆာဗာ အွန်လိုင်းဆက်ဖြစ်နေခြင်း ရှိ၊ မရှိ သိနိုင်ရန် cloud ဝန်ဆောင်မှုပေးသူ ကွန်ဆိုးလ်ကို စစ်ဆေးကြည့်နိုင်သည်။