Skip to main content

Firewall အမှားများ

သင်ကြုံတွေ့နိုင်သော Firewall ပြဿနာ သုံးမျိုးရှိသည်-

ကွန်ရက် Firewall က သင့်ကို ပိတ်ထားနိုင်သည်။

ကျောင်း (သို့) သင့်လုပ်ငန်းခွင်တွင်ကဲ့သို့ Firewall ဖြင့် ကာကွယ်ထားသော ကွန်ရက်နှင့် ချိတ်ဆက်ထားစဉ် Outline ထည့်သွင်းနေခြင်းဖြစ်ပါက အခြားကွန်ရက်သုံးနေစဉ် ထည့်သွင်းကြည့်ပါ။

၎င်းအလုပ်မလုပ်ပါက Firewall ဖြင့် ကာကွယ်ထားသော ကွန်ရက်နှင့် သင်၏ Outline ဆာဗာကြား ချိတ်ဆက်မှုများအတွက် ခွင့်ပြုရန် ကွန်ရက်စီမံခန့်ခွဲသူထံ ဆက်သွယ်ပါ။ သင့် Outline ဆာဗာ၏ IP လိပ်စာနှင့် Outline လုပ်ဆောင်နေသော ပို့တ်များကို သိရှိရမည်ဖြစ်ပြီး ၎င်းတို့ကို ထည့်သွင်းမှု Script အဆုံးတွင် ပြထားသည်။

စက် Firewall က သင့်ကို ပိတ်ထားနိုင်သည်။

သင့်စက်၌ ပုံမှန်မဟုတ်သော ပို့တ် (သို့) အသိအမှတ်မပြုသော ဆော့ဖ်ဝဲတွင် အထွက်ချိတ်ဆက်မှုများကို ပိတ်သော ဆော့ဖ်ဝဲရှိပါက (CheckPoint ၏ ZoneAlarm), Outline အတွက် ခြွင်းချက်ပြုလုပ်နည်းကို လေ့လာရန် သင်၏ စက် (သို့) ဆော့ဖ်ဝဲမှတ်တမ်းကို မှီငြမ်းပါ။

ဆာဗာ Firewall က သင့်ကို ပိတ်ထားနိုင်သည်။

သင်ရွေးထားသော Cloud ဝန်ဆောင်မှုပေးသူသည် သင့်အား ဆာဗာ Firewall တွင် ခြွင်းချက်များကို ကိုယ်တိုင်ပြုလုပ်ခိုင်းပြီး Outline လုပ်ဆောင်နေသော ပို့တ်များကို ဖွင့်ခိုင်းနိုင်သည်။ ထည့်သွင်းမှု Script ကို လုပ်ဆောင်ပြီးနောက် သင့်ဆာဗာတွင် Outline လုပ်ဆောင်နေသည့် ကျပန်းရွေးထားသော ပို့တ်နှစ်ခုကို သင့်အား တင်ပြပါမည်။ ဤပို့တ်နှစ်ခုကို ဖွင့်ရုံဖြင့် လုံလောက်ပါသည်။

သင်၏ ‘ဆာဗာ Firewall’ တွင် ခြွင်းချက်များ ပြုလုပ်ရန်အတွက် ‘ufw’ နှင့် ‘iptables’ အတွက် မှတ်တမ်းလေ့လာရန် အကြံပြုပါသည်-