Skip to main content

Outline ဆာဗာနှင့် ချိတ်ထားသော်လည်း ဘာကြောင့် အင်တာနက်မရတာလဲ။

မိုဘိုင်းဖုန်းဖြင့် သုံးနေပါက မိုဘိုင်းဒေတာနှင့် Wi-Fi ချိတ်ဆက်မှုကို ပြောင်းသုံးကြည့်ပါ။ တစ်ခါတရံ တစ်မျိုးဖြင့် ချိတ်ဆက်နိုင်ပြီး နောက်တစ်မျိုးဖြင့် မရခြင်းမျိုး ဖြစ်တတ်ပါသည်။ ကွန်ပျူတာဖြင့် သုံးနေပါက မြန်နှုန်းမြင့် အင်တာနက်မှ ချိတ်ဆက်မှုဖြုတ်ပြီး ပြန်ချိတ်ဆက်ကြည့်ပါ။

အဆင်မပြေသေးပါက သင့် Outline ဆာဗာတွင် ပြဿနာရှိခြင်းကြောင့်ဖြစ်နိုင်သည်။ သင်၏ ဝန်ဆောင်မှုမန်နေဂျာ ကိုဆက်သွယ်ပြီး အခြားဆာဗာအတွက် အသုံးပြုခွင့်ကီးအသစ် တောင်းပါ။ သတ်မှတ်ထားသည့် ကန့်သတ်ပမာဏထက် ကျော်လွန်သည့် ကီးဖြစ်ပါက ၎င်းသည် အသုံးပြုခွင့်ကီး ၏ ဒေတာကန့်သတ်ချက်ကို တိုးမြှင့်ပေးနိုင်သည်။