သုံးခွင့်ကီးကို ဘယ်လိုရယူရမလဲ။
Outline သည် သင်သုံးရန် ဝယ်ထားသော VPN ဝန်ဆောင်မှုများနှင့် မတူညီပါ။ ၎င်းသည် ကိုယ်ပိုင်သီးသန့် VPN ဆာဗာကို သုံးခွင့်၊ မျှဝေခွင့်ပြုသော တူးလ်တစ်ခု ဖြစ်သည်။ ဝန်ဆောင်မှုမန်နေဂျာ ကသာ သုံးခွင့်ကီးကို ပံ့ပိုးနိုင်သည်။ Outline အဖွဲ့သည် အခမဲ့ သို့မဟုတ် အခပေး သုံးခွင့်ကီးများကို မဖြန့်ဝေပါ။ ကျွန်ုပ်တို့တွင် Farsi ဘာသာစကားဖြင့် ရှိသော Paskoocheh မှလွဲ၍ Outline သုံးခွင့်ကီးဆိုင်ရာ တရားဝင်မိတ်ဖက်များ မရှိပါ။
သုံးခွင့်ကီးရယူနိုင်မည့် နည်းလမ်းသုံးသွယ်ကို ပြထားသည်-
- Outline ဆာဗာရှိသူတစ်ဦးဦးနှင့် သိပါက ဆက်သွယ်ပြီး ၎င်း၏ဆာဗာသို့ ဖိတ်ကြားရန် တောင်းဆိုကာ သုံးခွင့်ကီး တောင်းပါ။
- သင်ကိုယ်တိုင်အတွက် ဆာဗာပြုလုပ်ပါ- Windows၊ Mac (သို့) Linux ကွန်ပျူတာသုံးပြီး Outline မန်နေဂျာ ဒေါင်းလုဒ်လုပ်၍ သင့်ကိုယ်ပိုင်သီးသန့် Outline ဆာဗာ စနစ်သတ်မှတ်ပါ။ အထူးသဖြင့် cloud ဝန်ဆောင်မှုပေးသူ DigitalOcean မှတစ်ဆင့် အားလုံးအတွက် လွယ်ကူသောလုပ်ငန်းစဥ်ဖြစ်အောင် ပြုလုပ်ထားသည်။
- Outline (သို့) Shadowsocks ဝန်ဆောင်မှု သုံးပါ- Outline ကလိုင်းယင့်ကို Outline (သို့) Shadowsocks ပရိုတိုကော သုံးသည့် ပြင်ပကုမ္ပဏီ ဝန်ဆောင်မှုများနှင့်လည်း သုံးနိုင်သည်။ ဥပမာ-
- nthLink သည် ပြုပြင်ပြီး Outline ကလိုင်းယင့်ဗားရှင်း ပါရှိသော Outline အခြေပြု အခမဲ့ဝန်ဆောင်မှုကို လုပ်ဆောင်လျက်ရှိပါသည်။
- ASL19 သည် BeePass ခေါ် ပြုပြင်ပြီး Outline ဗားရှင်းအပြင် Telegram ဘော့ ကိုပါ လုပ်ဆောင်လျက်ရှိပြီး ၎င်းဘော့သည် BeePass ဆာဗာများသို့ အခမဲ့သုံးခွင့်ကီးများကို ပံ့ပိုးသည်။
- Farsi ဘာသာစကားအသုံးပြုသူများသည် Outline သုံးခွင့်ကီးကို ASL19’s Paskoocheh ထံမှလည်း တောင်းဆိုနိုင်သည်။
‘Outline ကလိုင်းယင့်’ အက်ပ် ဒေါင်းလုဒ်လုပ်ပြီးနောက် Outline ဆာဗာနှင့် ချိတ်ဆက်ရန်အတွက် သင့် သုံးခွင့်ကီး ကို ‘Outline ကလိုင်းယင့်’ ထဲသို့ မိတ္တူကူးပြီး ထည့်ပါ။