Skip to main content

Outline ကလိုင်းယင့်ကို Linux တွင် ထည့်သွင်းခြင်း

‘Outline ကလိုင်းယင့်’ ဗားရှင်း 1.15 မှစတင်၍ လာမည့်ဗားရှင်းအားလုံးကို Linux လည်ပတ်သည့်စနစ်များအတွက် Debian ပက်ကေ့ဂျ်များအဖြစ် ဖြန့်ချိပါမည်။ ကျွန်ုပ်တို့ ပံ့ပိုးသည့် လည်ပတ်သည့်စနစ်များရှိ နောက်ထပ်အချက်အလက်များအတွက် အနည်းဆုံးစနစ်လိုအပ်ချက်များ ကို စစ်ပါ။

Debian အခြေပြု Linux ဖြန့်ဝေမှုများအတွက် ‘Outline ကလိုင်းယင့်’ ကို ထည့်သွင်းပါ (အကြံပြုထားသည်)

အောက်ပါကွန်မန်းများကို လုပ်ဆောင်ပါ-

  1. Outline ၏ သိမ်းဆည်းရန်နေရာကီးကို ထည့်သွင်းပြီး သိမ်းဆည်းရန်နေရာ ထည့်ပါ။
    wget -qO- https://us-apt.pkg.dev/doc/repo-signing-key.gpg | sudo gpg --dearmor -o /etc/apt/trusted.gpg.d/gcloud-artifact-registry-us.gpg
    echo "deb [arch=amd64] https://us-apt.pkg.dev/projects/jigsaw-outline-apps outline-client main" | sudo tee /etc/apt/sources.list.d/outline-client.list
  2. Apt ပက်ကေ့ဂျ်စာရင်းကို အပ်ဒိတ်လုပ်ပြီး ‘Outline ကလိုင်းယင့်’ နောက်ဆုံးဗားရှင်း ထည့်သွင်းပါ။
    sudo apt update
    sudo apt install outline-client

လာမည့်အပ်ဒိတ်များကို ကြည့်ရန် (သို့) ထည့်သွင်းရန်အတွက် ‘အဆင့် ၂’ ရှိ ကွန်မန်းများကို ထပ်မံလုပ်ဆောင်ပါ။ ဗားရှင်း 1.15 မှစတင်ပြီး Linux တွင် ‘Outline ကလိုင်းယင့်’ အတွက် အက်ပ်အတွင်း အလိုအလျောက်အပ်ဒိတ်လုပ်ခြင်းကို ပိတ်ထားကြောင်း သတိပြုပါ။

‘Outline ကလိုင်းယင့်’ ပရိုဂရမ်ကို ဖြုတ်ရန် အောက်ပါကွန်မန်းကို လုပ်ဆောင်ပါ-

sudo apt purge outline-client

အခြားရွေးစရာ

  1. https://s3.amazonaws.com/outline-releases/client/linux/stable/outline-client_amd64.deb မှ နောက်ဆုံး ‘Outline ကလိုင်းယင့်’ Debian ပက်ကေ့ဂျ်ကို ဒေါင်းလုဒ်လုပ်ပါ
  2. ပက်ကေ့ဂျ် ထည့်သွင်းရန်အတွက် ကွန်မန်းအတန်းရှိ အောက်ပါကွန်မန်းများကို လုပ်ဆောင်ပါ
    wget -O ./outline-client.deb https://s3.amazonaws.com/outline-releases/client/linux/stable/outline-client_amd64.deb
    sudo apt install ./outline-client.deb
  3. ဗားရှင်း 1.15 မှစတင်၍ Linux တွင် ‘Outline ကလိုင်းယင့်’ အတွက် အက်ပ်အတွင်း အလိုအလျောက်အပ်ဒိတ်လုပ်ခြင်းကို ပိတ်ထားသဖြင့် အပ်ဒိတ်များကို ကိုယ်တိုင် စစ်ဆေးပါ။
  4. ‘Outline ကလိုင်းယင့်’ ပရိုဂရမ်ကို ဖြုတ်ရန် ကွန်မန်းအတန်းရှိ အောက်ပါကွန်မန်းကို လုပ်ဆောင်ပါ-
    sudo apt purge outline-client